ရို​ဟင်​ဂျာ လူ​မှောင်ခို ဂိုဏ်း​ခေါင်းဆောင်​ကို ထိုင်းက​ဖမ်း

_thai_corpse

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, လူကုန်ကူးဂိုဏ်ရဲ့ တောထဲက စခန်းမှာ မ၀ရေစာနဲ့ ရောဂါတွေဖြစ်ပြီး သေဆုံးသူတွေဟာ ငွေပေးပြီး ရွေးမယ့်သူ မရှိတဲ့သူတွေ ဖြစ်နိုင်ဖွယ် ရှိတယ်လို့ လူ့အခွင့်ရေး အဖွဲ့တွေက ယူဆ ပါတယ်။

ရခိုင်ပြည်နယ် မောင်တော မြို့ က လာပြီး ထိုင်းနိုင်ငံ တောင်ပိုင်း မှာ လှုပ်ရှား နေတဲ့ လူကုန်ကူး ဂိုဏ်း ခေါင်းဆောင် ရိုဟင်ဂျာ တစ်ဦး ကို ထိုင်း အာဏာပိုင် တွေ က ဖမ်းဆီး လိုက်ပါတယ်။

ဒါဟာ မကြာခင် က မှ ထိုင်းတောင်ပိုင်း မှာ ရိုဟင်ဂျာ ရုပ်အလောင်း တွေ မြှုပ်နှံ ထားတဲ့ နေရာ တွေ ကို တွေ့ခဲ့ တဲ့ ဖြစ်ရပ် နဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲ ဖော်ထုတ် ဖမ်းဆီးမှု ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် တွင်း လူမျိုးရေး ဘာသာရေး အဓိကရုဏ်း တွေ ထဲ က ထွက်ပြေးလာ ကြရတဲ့ ရိုဟင်ဂျာ တွေ ကို ထိုင်းတောင်ပိုင်း က လူကုန်ကူး ဂိုဏ်းတွေ က ထိန်းသိမ်း ထား ကြရင်း အကြောင်း အမျိုးမျိုး နဲ့ သေဆုံး ခဲ့ရသူ တွေ ကို မြှုပ်နှံ ထားတာ ဖြစ်တယ် လို့ ယူဆထားကြ ကြောင်း ထိုင်း အခြေစိုက် ရိုဟင်ဂျာ အသိုင်းအဝိုင်း က ပြောပါတယ်။

အဲဒီလို လူကုန်ကူး ဂိုဏ်း တွေ ကို ထိုင်း အာဏာပိုင် တွေ ဖော်ထုတ် ရာက အခု အဓိက ကျတဲ့ ဂိုဏ်းခေါင်းဆောင် အဏ္ဏဝါ ဆိုသူ ကို ဖမ်းဆီး မိတာ လို့ Rohingya Society of Thailand အဖွဲ့က ဟာဂျီ အစ္စမိုင် က ဘီဘီစီ ကို ပြောပါတယ်။

ရခိုင်ပြည် က ထွက် ပြေး လာသူတွေ ဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ကမ်းခြေတွေကို ရောက်ချိန်မှာ လူကုန်ကူး ဂိုဏ်တွေ က လိုရာကို ပို့ပေးမယ် ဆိုပြီး ထိုင်းနဲ့ မလေးရှား နယ်စပ် တောထဲ မှာ သူတို့ကို ထိမ်းသိမ်း ထားခဲ့တာ လို့ လည်း ဆိုပါတယ်။

လူကုန်ကူး ဂိုဏ်းက ထိမ်းသိမ်း ထားတဲ့ သူတွေကို ထိုင်း ဒါမှမဟုတ် မလေးရှား မှာ ရှိတဲ့သူတို့ ရဲ့ ဆွေမျိုး သားချင်း တွေက ငွေပေးပြီး ရွေးမှ လိုရာကို သွားခွင့် ပေးတာမျိုး ဖြစ်ပါတယ်။

ငွေပေးနိုင်တဲ့သူ အတော် များများ ကတော့ မလေးရှား နိုင်ငံ ကို သွားကြတယ် လို့ ဆိုပါတယ်။

လူကုန်ကူး ဂိုဏ်ရဲ့ တောထဲက စခန်းမှာ မ၀ရေစာနဲ့ ရောဂါတွေ ဖြစ်ပြီး သေဆုံး သူတွေဟာ ငွေပေးပြီး ရွေးမယ့်သူ မရှိတဲ့ သူတွေ ဖြစ်နိုင်ဖွယ် ရှိတယ်လို့ လူ့အခွင့်ရေး အဖွဲ့တွေက ယူဆ ပါတယ်။

ဒီလူကုန်ကူး ဂိုဏ်းမှာ လက်နက်ကိုင် ထိုင်းနိုင်ငံ တောင်ပိုင်းသားတွေ အများစု ပါ၀င် တာကြောင့် တောတောင် ထူထပ်တဲ့ ထိုင်းတောင်ပိုင်း မှာ အားလုံးကို ဖမ်းဆီး ရမိဖို့ ကတော့ သိပ်မလွယ်ဘူး လို့ ထိုင်းတောင်ပိုင်း အရေး လေ့လာသူ တွေက သုံးသပ် ပါတယ်။