ဒေါ်စုနဲ့ ဦးသန်းရွှေ တွေ့ဆုံ

သောကြာနေ့ နေ့လယ် ၁ နာရီ ဝန်းကျင်က နေပြည်တော် စစ်ဦးစီး ဌာနချုပ် ရုံးမှာ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်။

ဓာတ်ပုံ ရင်းမြစ်, a

ဓာတ်ပုံ ပုံစာ, သောကြာနေ့ နေ့လယ် ၁ နာရီ ဝန်းကျင်က နေပြည်တော် စစ်ဦးစီး ဌာနချုပ် ရုံးမှာ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ အငြိမ်းစား ဗိုလ်ချုပ် မှူးကြီးဟောင်း သန်းရွှေတို့ သောကြာနေ့ နေ့လယ် ၁ နာရီ ပတ်ဝန်းကျင် က နေပြည်တော် စစ်ဦးစီး ဌာနချုပ် ရုံးမှာ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဒေါ်အောင်ဆန်း စုကြည် နဲ့ မတွေ့ဆုံခင် ရက်ပိုင်း အတွင်းက ဗိုလ်ချုပ် မှူးကြီးဟောင်း သန်းရွှေနဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း တို့ တွေ့ဆုံ ခဲ့တယ် လို့လည်း သတင်း ထွက်ပေါ် ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင်ပိုင်း တချို့ကို ဘီဘီစီက မေးမြန်းရာမှာ တွေ့ဆုံတဲ့ သတင်းကို ငြင်းဆိုခြင်း မရှိကြပေမယ့် အတည်ပြု ပြောခွင့် မရှိဘူး လို့ ဆိုပါတယ်။

သူရ ဦးရွှေမန်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ မှာတော့ ဒီဇင်ဘာ ၂ရက် ၃ ရက် ၄ ရက် တွေ့ဆုံမှုတွေ အရ ဒီနေ့ အချိန်ဟာ ကိုယ့်ပါတီ အကျိုးထက် အမျိုးသား အကျိုးစီးပွားကို ကြည့်ပြီး လုပ်ရမယ့် အချိန်တွေ ဖြစ်နေပြီလို့ ရေးသား ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ရဲ့ တွေ့ဆုံမှုဟာ လက်ရှိ မြန်မာ့ နိုင်ငံရေး အသွင်ကူးပြောင်းရေး ဖြစ်စဉ်အတွက် အဓိက ကျတဲ့ လိုအပ်ချက် တခု ဖြစ်တယ် လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ အများက ရှုမြင် နေကြပါတယ်။