လှေ​စီး​ရွှေ့​ပြောင်း​သူ​တွေ​ကို ဘင်္ဂ​လား​ဒေ့ရှ်​ကို ပြန်​ပို့​နိုင်​ရေး စီစဉ်နေ

_migrants_myanmar_human_trafficking_boat
ဓာတ်ပုံ ပုံစာ,

ရွှေ့ပြောင်းသူ အယောက် ၂၀၀ ကျော် ကို ယာယီ လက်ခံ ထားရာ မောင်တော မြို့ တောင်ပိုင်း ၊ အလယ် သံကျော် ရွာ က ယာယီ စခန်း တွေ ကို ကုလသမဂ္ဂ အတွင်းရေး မှုး ချုပ် ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး အကြံပေး ဗီဂျေ နမ်ဘီးယား လည်း သွားရောက် ကြည့် ရှု့ ခဲ့။

မြန်မာ့ ရေပိုင်နက် ထဲ တွေ့ခဲ့ရ တဲ့ လူမှောင်ခို လှေ ၂ စင်း ပေါ် က ရွှေ့ပြောင်းသူ အယောက် ၂၀၀ ကျော် ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သား တွေ ဖြစ် ကြောင်း စိစစ် တွေ့ထား ရပြီး သူတို့ရဲ့ မူ လ နိုင်ငံ ကို ပြန်လည် ပို့ဆောင် ပေး နိုင် ဖို့ ဘင်္ဂလား ဒေ့ရှ် သံရုံး နဲ့ ဆက်သွယ် ဆောင် ရွက် နေတယ် လို့ မြန်မာ နိုင်ငံခြားရေး ဌာ န က ပြောပါတယ်။

ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား တွေ ကို မြန်မာ အာဏာ ပိုင် တွေ က ကယ်ဆယ် ထား တယ် ဆို တာ ကြောင့် စစ်တွေ မှာ ရှိတဲ့ ဘင်္ဂလား ဒေ့ရှ် ကောင်စစ်ဝန် ရုံး ဟာ ရခိုင် ပြည်နယ် အစိုးရ နဲ့ တွေ့ဆုံ ထားပြီး ဖြစ်တယ် လို့ ဘင်္ဂလား ဒေ့ရှ် ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ သံအမတ် က မြန်မာ နိုင်ငံခြားရေး ဒုဝန်ကြီး နဲ့ တွေ့ဆုံ တုန်း မှာ ပြော ကြား ထား ကြောင်း နိုင်ငံခြားရေး ရုံး ရဲ့ ညွှန်ကြားရေး မှုး ချုပ် ဦးထင်လင်း က ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေး နေ့ က မြန်မာ အစိုးရ ရေတပ် ကနေ ခေါ်ဆောင် လာခဲ့တဲ့ ရွှေ့ပြောင်းသူ အယောက် ၂၀၀ ကျော် ကို ယာယီ လက်ခံ ထားရာ မောင်တော မြို့ တောင်ပိုင်း ၊ အလယ် သံကျော် ရွာ က ယာယီ စခန်း တွေ ကို ကုလသမဂ္ဂ အတွင်းရေး မှုး ချုပ် ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး အကြံပေး ဗီဂျေ နမ်ဘီးယား လည်း သွားရောက် ကြည့် ရှု့ ခဲ့ ပါတယ်။

မစ္စတာ နမ်းဘီးယား နဲ့ အတူ လိုက်ပါ သွားတဲ့ ရခိုင် ပြည်နယ် အစိုးရ ဝန်ကြီး ချုပ် ဗိုလ်ချုပ် မောင်မောင် အုန်း က အဲဒီ့ လှေစီး ရွှေ့ပြောင်း သူ တွေ ကိုယ်တိုင် သူတို့ရဲ့ မူလ နိုင်ငံ ကို ပြန်လိုကြောင်း ပြောနေတယ် လို့ ဆိုပါ တယ်။

မြန်မာ နဲ့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ကနေ ထွက် ခွာ နေကြ တဲ့ ထောင် ပေါင်း များစွာ သော လှေစီး ရွှေ့ပြောင်း သူ တွေ ဟာ အရှေ့တောင် အာရှ ဒေသတွင်း ပင်လယ် ပြင် ထဲ မျော ပါ ဒုက္ခရောက် နေကြ ရတာ ကို မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံ တွေ ပူးပေါင်း ကိုင်တွယ် ကြဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ က တောင်းဆို နေကြ ပါတယ်။