မြန်မာအစိုးရကို ဒေါ်လာသန်း ၂၀၀ ချေးလိုက်ပြီ

မြန်မာကို ဒေါ်လာသန်း ၂၀၀ ထုတ်ချေးကြောင်း လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆို

ဓာတ်ပုံ ရင်းမြစ်, World Bank Myanmar FB

ဓာတ်ပုံ ပုံစာ, မြန်မာကို ဒေါ်လာသန်း ၂၀၀ ထုတ်ချေးကြောင်း လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆို

ကမ္ဘာ့ဘဏ်က မြန်မာအစိုးရကို အတိုးမဲ့ချေးငွေ ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးလိုက်ပါတယ်။

အခုချေးငွေဟာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုဆောင်ရွက်တဲ့နေရာမှာ အထောက်အကူပြုနိုင်အောင် ပံ့ပိုးတဲ့အနေနဲ့ နိုင်ငံတော်ဘတ်ဂျက်ကို တိုက်ရိုက်ထောက်ပံ့တဲ့ချေးငွ အမျိုးအစားဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ ကမ္ဘောဒီးယား၊ လာအိုဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စ အယ်လင် ဂိုးစတိန်းက ပြောပါတယ်။

ချေးငွေသက်တမ်းဟာ ၃၈ နှစ်ဖြစ်ပြီး အတိုးမဲ့ဖြစ်ပေမယ့် ဝန်ဆောင်ခ ဝ.၇၅ ရာနှုန်းပေးရမှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင် ဝင်ရောက်လာရေးဆောင်ရွက်ဖို့၊ အလုပ်အကိုင်သစ်တွေဖန်တီးနိုင်ဖို့၊ အများပြည်သူဝန်ဆောင်မှုတွေတိုးမြှင့် လုပ်ဆောင်နိုင်ဖို့ အတွက် အခုချေးငွေတွေကို အသုံးပကြုနိုင်မှာဖြစ်သလို ဘတ်ဂျက်လိုငွေပြမှုအတွက် ဗဟိုဘဏ်သက်သက်ကို မှီခိုနေရတာကို အဆုံးသတ်နိုင်အောင် အခုချေးငွေကို ထုတ်ချေးတာလို့လည်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။