နစ်နာကြေး ၁၅ နှစ်ကြာမရခဲ့တဲ့ တပ်မတော်သားဟောင်းတွေသတင်း အပါအဝင် မနက်ခင်းသတင်းများ

အတိုင်ပင်ခံဟာ မြောင်းမြတံတားဖွင့်ပွဲ အပြီး ဧရာဝတီတိုင်းထဲမှာ လူထုနဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, State Counsellor Office

ဓာတ်ပုံ ပုံစာ, အတိုင်ပင်ခံဟာ မြောင်းမြတံတားဖွင့်ပွဲ အပြီး ဧရာဝတီတိုင်းထဲမှာ လူထုနဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်နေပါတယ်။

နစ်နာကြေးမရတဲ့ စစ်မှုထမ်းဟောင်းတွေ အတိုင်ပင်ခံကို ဦးတည် တိုင်ကြား

နစ်နာကြေးမရခဲ့တဲ့ ခြေလက်ဆုံးရှုံးရသူ တပ်မတော်သားဟောင်းတွေ အတိုင်ပင်ခံထံ ဖြေရှင်းပေးဖို့တောင်းဆို မနေ့က ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်လူထုတွေ့ဆုံပွဲမှာ နစ်နာသူ အငြိမ်းစား တပ်မတော်သားတစ်ဦးက က မေးခွန်းမေးမြန်းပြီး ဖြေရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။

၎င်းရဲ့တင်ပြချက်အရ ခြေလက်ဆုံးရှုံးပြီး တပ်မှထွက်ရသူများအပေါ်ပေးအပ်သည့် ထောက်ပံ့ကြေးကို ၂၀၀၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၁၅နှစ်အတွင်း တစ်ဦးတစ်ယောက်မှ ထောက်ပံ့ကြေးမရရှိခဲ့ကြဘူး လို့ဆိုပါတယ်။

ခြေလက်ဆုံးရှုံးခဲ့သူတွေအတွက် ဆုံးရှုံးမှုပေါ်မူတည်ကာ ငါးသောင်းမှ တစ်သိန်းအထိသာရရှိပါတယ်။

အဲဒီကိစ္စကို ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံကာ လေးလေးနက်နက်ထားဖြေရှင်းပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းမေးမြန်းသူ တပ်မတော်သားဟောင်းကို ကတိပြုခဲ့ပါတယ်။

ဧပြီလ ၁ရက်နေ့ ဧရာဝတီတိုင်းကျောင်းကုန်းမြို့ လူထုတွေ့ဆုံပွဲ

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor Office

ဓာတ်ပုံ ပုံစာ, ဧပြီလ ၁ရက်နေ့ ဧရာဝတီတိုင်းကျောင်းကုန်းမြို့ လူထုတွေ့ဆုံပွဲ
ဗီဒီယို ပုံစာ, တပ်မတော်အကြောင်း သူရဦးရွှေမန်းနဲ့ ဘီဘီစီမေးမြန်းခန်း အပိုင်း ၂

ကျပ်သိန်း ၇၀ကျော်လာဘ်စားခဲ့လို့ သတ္တုတွင်းဦးဆောင်ညွှန်ကြားရေးမှူးကို အဂတိတိုက်ဖျက်ရေး ကော်မရှင်အရေးယူ

ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ စုစုပေါင်း ကျပ်သိန်း ၇၀ ကျော်တန်ကြေးရှိတဲ့ အပန်းဖြေခရီးကဟိုတယ် အခန်းခနဲ့ ကိုယ်ပိုင်မြေကွက်ကို မြေညှိမြေရှင်းတာလုပ်ခိုင်းခဲ့တဲ့ အမှတ် ၂ သတ္တုတွင်း လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဧပြီ ၁ရက်နေ့ မှာ စတင်အမှုဖွင့်ကာ အရေးယူခဲ့ပါတယ်။

အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ပိုင်က မြေညှိမြေဖို့လုပ်ငန်းလုပ်ဖို့ ကျပ်သိန်း ၃၀ကျော်နဲ့ ငပလီအပန်းဖြေခရီးထွက်စဉ် မိသားစုတည်းခိုခဲ့သည့် တည်းခိုခန်းခ သိန်း ၄၀ ကျော်ကို ရယူခဲ့လို့ တိုင်ကြားခံခဲ့ရပါတယ်။

အဲဒီတိုင်ကြားချက်အရ စစ်ဆေးပေါ်ပေါက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆နဲ့ နေပြည်တော် ဇမ္ဗူသီရိ ရဲစခန်းမှာ ပထမသတင်းပေးတိုင်ကြားကာ တရားစွဲဆိုအရေးယူဖို့ ဆောင်ရွက် နေတာကို ကော်မရှင်က ဧပြီ ၁ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြစ်ဆုံအပြီးတိုင်ဖျက်သိမ်းဖို့ နိုင်ငံလုံးဆိုင်ရာအလုပ်အဖွဲ့ ဖွဲ့ပြီး ကန့်ကွက်လှုပ်ရှားမယ်

မြစ်ဆုံစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, မြစ်ဆုံစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲ

ဧရာဝတီမြစ်ဆုံစီမံကိန်းကိုအပြီးတိုင်ဖျက်သိမ်းဖို့ တစ်နိုင်ငံလုံးမှာ ကန့်ကွက်လှုပ်ရှားမှုတွေကို ပြုလုပ်သွားမယ်လို့ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာအလုပ်အဖွဲ့က လုပ်ဆောင် သွားမယ်လို့ အဖွဲ့ဝင်တွေကပြောပါတယ်။

အဲဒီအလုပ်အဖွဲ့ကို ဧပြီလ ၁ရက်နေ့ ရန်ကုန်နာရေးကူညီမှုအသင်းမှာ ပြုလုပ်တဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးနဲ့ နိုင်ငံလုံးဆိုင်ရာအလုပ်အဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေး ကနေ ဖွဲ့စည်းခဲ့ပါတယ်။

အလုပ်အဖွဲ့က ဧရာဝတီမြစ်ကြောင်းတလျှောက် ကန့်ကွက်ဆန္ဒပြမှုတွေသာမကပဲ မြစ်ဆုံစီမံကိန်းလို ကိစ္စမျိုးတွေကို လူထုဆန္ဒမပါပဲ ပြုလုပ်ခဲ့ရင် နိုင်ငံရေးအရ ဆက်ပြီးထောက်ခံမှုတွေကိုမလုပ်ဖို့ စတဲ့ လှုပ်ရှားမှု တွေကိုပါပြုလုပ်ဖို့ ရည်မှန်းထားတယ်လို့ အဖွဲ့ဝင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံက ဘိန်း၊ မူးယစ်ဆေးနဲ့ ဆက်စပ်တဲ့အကိုက်အခဲပျောက်ဆေးအားလုံးကို တားမြစ်မယ်

ဘိန်း၊ မူးယစ်ဆေးနဲ့ ယင်းမှဆက်စပ်ထုတ်လုပ်ထားသည့်ပစ္စည်းများကိုတွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘိန်း၊ မူးယစ်ဆေးနဲ့ ယင်းမှဆက်စပ်ထုတ်လုပ်ထားသည့်ပစ္စည်းများကိုတွေ့ရစဉ်

အမေရိကန်နိုင်ငံရဲ့ တောင်းဆိုမှုအပြီး တရုတ်နိုင်င်ငံက ဘိန်းနဲ့ မူးယစ်ဆေးနဲ့တွေကနေ ဆက်စပ်ထုတ်လုပ်ထားတဲ့ အကိုက်အကဲပျောက်ဆေး တွေကို တားမြစ်ကာနှိမ်နင်းသွား မယ်လို့ဆိုပါတယ်။

အဲဒီလိုဆေးတွေ၊ ပစ္စည်းတွေကို တရုတ်နိုင်ငံရဲ့ ထိန်းချုပ်မူးယစ်ဆေးဝါးစာရင်းထဲကို မေလ ၁ ရက်နေ့က စတင်ထည့်သွင်းပြီး ဆောင်ရွက်သွားမှာလို့ တရုတ်အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက အမေရိကန်နဲ့ တရုတ်ရဲ့ကုန်သွယ်မှုအရေးဆွေးနွေးပွဲမှာ ကတိပြုခဲ့တဲ့အတိုင်း အခုလိုဆောင်ရွက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ စွမ်းအားပြင်းတဲ့ အကိုက်အခဲပျောက်ဆေးတွေကြောင့်လည်း အမေရိကန်နိုင်ငံမှာ ဆေးစွဲမှုတွေအကြီးအကျယ် မြင့်တက်စေတယ်လို့ ယုံကြည်တယ်လို့ဆိုပါတယ်။