လက်နက်ကြီးကျည်ဆန်ထိမှန်လို့ ကွတ်ခိုင်ပန်ဆေးရွာသားနှစ်ယောက် သေဆုံး

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ကုန်ကားတွေလမ်းမှာ ပိတ်

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ကုန်ကားတွေလမ်းမှာ ပိတ်

လက်နက်ကြီးကျည်ဆန်ထိမှန်လို့ ကွတ်ခိုင် ပန်ဆေးရွာသားသေဆုံး

ကွတ်ခိုင်မြို့နယ် ကာလိုင်အုပ်စု၊ ပန်ဆေးကျေးရွာမှာ သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၆နာရီခန့်က ကွတ်ခိုင်အခြေစိုက် ခလရ ၄၅ မှ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရွာသားနှစ်ယောက် လက်နက်ထိမှန်ပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

ပန်ဆေးရွာထဲကို လက်နက်ကြီး (၆) လုံး ကျရောက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးမှန်ဒဏ်ရာနဲ့ ပန်ဆေးရွာသား တာကွန်ဌေး ဟာ အိမ်ပေါ်မှာပဲ ဘုရားရှစ်ခိုးနေစဉ် ထိမှန်သေဆုံးခဲ့ပါတယ်။

ဇနီးဖြစ်သူကတော့ ဘယ်ဘက်ခြေထောက်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခိုလုံအုပ်စု ဟွေအစ်ရွာ၊ နမ့်ပါချီးရွာ နဲ့ မာန်အောင်စုစည်းရွာတွေအပါအဝင် ကွတ်ခိုင်မြို့နယ် အနီးတစ်ဝိုက်က ရွာတွေမှာ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ကြုံတွေ့နေရပြီး ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့် နေရတယ်လို့ ပြောပါတယ်။

ရနောင်းမှာ အဖမ်းခံရတဲ့ ကျောင်းဆရာများ ပြန်လွတ်မြောက်

ထိုင်းနိုင်ငံ ၊ ရနောင်းမြို့က ရနောင်းဌာနီကျောင်းတွင် နယ်စပ်ကျော်ဖြတ်ခွင့် လက်မှတ်နဲ့ စာသင်နေတဲ့ ဆရာ ၃၂ ယောက်ကို ဒဏ်ငွေပေးဆောင်ခိုင်းပြီး ထိုင်းအာဏာပိုင်တွေက ပြန်လွှတ်ခဲ့ပါတယ်။

တရားဝင်ခွင့်ပြုချက်မရှိပဲ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်နဲ့ စာသင်ကြားနေတဲ့ ဆရာ ၁၂ ဦးနဲ့ ဆရာမ ၂၀ ဦးတို့ကို တစ်ဦးလျှင် ဘတ်ငွေ ၅၀ဝ၀ နှုန်းနဲ့ ထိုင်းလုပ်ငန်းရှင်ကိုတော့ တစ်ဦးအတွက် ဘတ် ၂၀ဝ၀ဝ နှုန်း တာဝန်ခံ ပေးဆောင်စေပြီး ဒဏ်ရိုက်ခဲ့ပါတယ်။

ဒဏ်ကြေးပေးဆောင်ပြီး ဆရာဆရာမတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအစီအစဉ်နှင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ကို သြဂုတ်လ ၂၆ ရက်နေ့ ညနေက ပြန်ပို့လိုက်ပါတယ်။

အခု မြန်မာနိုင်ငံကို ပြန်ရောက်သွားတဲ့ ဆရာ၊ ဆရာမတွေဟာ မြန်မာနိုင်ငံကူးလက်မှတ် လုပ်ပြီး ပညာရေး ဦးစီးဌာနကနေ အဲဒီဆရာ၊ ဆရာမတွေဟာ ဘယ်ဘာသာရပ်တွေကို ကျွမ်းကျင်သူ ဖြစ်ပြီး သင်ကြားနိုင်တဲ့ ဆရာ ဆရာမတွေဖြစ်ကြောင်း ထောက်ခံစာနဲ့ ရနောင်းဖက်ကို ပြန်သွားရမှာဖြစ်ပါတယ်။

အခုလတ်တလောတွင် ဆရာ၊ ဆရာမတွေမရှိတဲ့အတွက် ကျောင်းသား ၁၂၀ဝ ရှိတဲ့ ရနောင်းဌာနီကျောင်းကို ခေတ္တပိတ်ထားရပါတယ်။

Johnson and Johnson ကုမ္ပဏီကို ဒေါ်လာသန်းငါးရာ ဒဏ်ကြေးချ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

Johnson and Johnson ကုမ္ပဏီကို ဒေါ်လာသန်းငါးရာ ဒဏ်ကြေးချ

Johnson and Johnson ကုမ္ပဏီကို ဒေါ်လာသန်းငါးရာ ဒဏ်ကြေးချ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်ပြည်ထောင်စုမှာတော့ Johnson and Johnson ကုမ္ပဏီကို ဒေါ်လာသန်း ငါးရာကျော် ဒဏ်ကြေးပေးဖို့ အိုကလာဟိုးမား ပြည်နယ် တရားသူကြီးက ဆုံးဖြတ်လိုက်ပါတယ်။

Johnson and Johnson ကုမ္ပဏီဟာ ဘိန်းပါတဲ့ ဆေးဝါးတွေ သုံးစွဲမှု အလွန်အမင်းမြင့်တက်လာနေတဲ့ အကြပ်အတည်းကို အကိုက်အခဲပျောက်ဆေးတွေနဲ့ ဈေးကွက်ဖော်တယ်လို့ စွပ်စွဲခံရပြီး တရားရင်ဆိုင်နေရတာပါ။

ပြည်နယ်ရှေ့နေချုပ်ကတော့ သိပ္ပံအချက်အလက် ထင်ယောင်ထင်မှားတွေနဲ့ သတင်းအမှားတွေပေါ် အခြေခံတဲ့ ဈေးကွက်ရှာမှုကြောင့် လူထောင်ချီ သေဆုံးခဲ့မှုနဲ့ မူးယစ်ဆေးစွဲမှု တွေဖြစ်စေတဲ့ ဝိသမလောဘအတွက် Johnson and Johnson မှာတာဝန်ရှိတယ်လို့ ပြောပါတယ်။

ကုမ္ပဏီဘက်ကတော့ အယူခံဝင်သွားမယ်လို့ ပြောထားပါတယ်။ ပျှမ်းမျှ အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ်နေ့တိုင်း ဘိန်းပါတဲ့ ဆေးအသုံးလွန်ပြီး သေဆုံးသူ ၁၃၀ ဦးအထိ ရှိနေတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ဆိုရင် ဆေးလွန်ပြီး သေဆုံးသူ ၇၀၂၀ဝ အထိရှိပြီး အဲဒီအထဲက ၇၀ ရာခိုင်နှုန်းနီးပါးဟာ ဆရာဝန်ပေးလိုက်တဲ့ အကိုက်အခဲပျောက်ဆေးသုံးလို့ ဒါမှမဟုတ် တရားမဝင် မူးယစ်ဆေးပါတဲ့ အကိုက်အခဲပျောက်ဆေးသုံးလို့ သေဆုံးတာတွေ ပါဝင်ပါတယ်။

ဗီဒီယို ပုံစာ,

thai coronation