ကိုလံဘီယာနယ်စပ်က ဗင်နီဇွဲလား စစ်သားတွေ ကင်းစခန်းတွေကို စွန့်

wo Venezuelan soldiers lie on the ground as they are detained by Colombian police

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ကိုလံဘီယာထဲ ဝင်လာတဲ့ ဗင်နီဇွဲလား စစ်သားနှစ်ယောက်ကို ဖမ်း

ဗင်နီဇွဲလားတပ်က တပ်သားတွေ နယ်စပ်ဖြတ်ပြီး စခန်းတွေက စွန့်ခွာပြေးကုန်ကြပါတယ်။ အတိုက်အခံ တွေ စီစဉ်မှုနဲ့ ဗင်နီဇွဲလား နိုင်ငံထဲကို အကူအညီ ပေးရေးတွေ မလာခင်မှာပဲ ပြေးကြတာလို့ ကိုလံဘီယာ လူဝင်မှု ကြီးကြပ်ရေးက ပြောပါတယ်။

ကိုလံဘီယာထဲကို အလုပ်လုပ်ဖို့ ဖြတ်ဝင်ကြတဲ့သူတွေကို ဗင်နီဇွဲလား တပ်တွေက မျက်ရည်ယိုဗုံးနဲ့ ပေါက်တာတွေလည်း ဖြစ်ခဲ့ပါတယ်။

လူလူချင်း စာနာတဲ့အနေနဲ့ ပေးတဲ့အကူတွေ ပြည်တွင်း ဝင်ရေး ကိစ္စ တင်းမာနေတာ ဖြစ်ပါတယ်။

အကူအညီတွေ ဝင်မလာနိုင်အောင် ကိုလံဘီယာ နယ်စပ်ကို တစိတ်တပိုင်း ပိတ်ထားတယ်လို့ သမ္မတ နိကလပ်စ် မဒူးရိုးက ပြောကြားခဲ့ပါတယ်။

ဗီဒီယို ပုံစာ, နယ်စပ်က ဆူဆူပူပူ

စနေနေ့မှာ သိန်းနဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေက အကူအညီတွေ သယ်လာပေးမယ်လို့ ဗင်နီဇွဲလား ကြားဖြတ် သမ္မတလို့ ကြေညာထားတဲ့ ဟွမ် ဂွိုင်ဒိုက ကြုံးဝါးထားပါတယ်။ ဒီထဲမှာ ဆေးနဲ့ အစားအစာတွေလည်း ပါမှာ ဖြစ်ပါတယ်။

လူတွေ နယ်စပ်က အရံအတားတွေကို ဖြတ်ကျော် ခုန်ပေါက် ဝင်နေတာကို ဒေသတွင်း သတင်းဌာနတွေက တင်ဆက်နေကြပါတယ်။

အင်အားသုံး ဖြေရှင်းတာကို ရှုတ်ချကြောင်းလည်း အတိုက်အခံ အမတ်တွေက လူမှုကွန်ရက်ပေါ်ကနေ ကြေညာခဲ့ပါတယ်။

နယ်စပ်ကို ဖြတ်ခွင့်ရဖို့ ဗင်နီဇွဲလား နိုင်ငံသားတွေက စစ်သားတွေကို တောင်းပန်နေကြတယ်လို့ ကိုလံဘီယာ နယ်စပ်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

Skip Twitter post, 1
Twitter ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Twitter မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Twitter ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

End of Twitter post, 1

Presentational white space

နယ်စပ်မှာ ဆန္ဒပြသူတွေက လုံထိန်းနဲ့ စစ်သားတွေကို ကျောက်ခဲနဲ့ ပေါက်နေတဲ့ ပုံတွေလည်း တက်လာပါတယ်။

ကူညီရေး ကုန်ကားတွေ ဝင်ခွင့်ပေးဖို့ စစ်တပ်ကို မစ္စတာ ဂွိုင်ဒိုက တောင်းဆိုခဲ့ပါတယ်။ "ပြည်သူ့ဘက်က ရပ်ပါ" လို့လည်း သူက ဆိုပါတယ်။

ဆိုင်မွန် ဗိုလစ်ဗား နိုင်ငံတကာ တံတားမှာ ချထားတဲ့ ဗင်နီဇွဲလား အမျိုးသား တပ်ဖွဲ့ဝင် အများအပြား ကင်းစခန်းတွေကို စွန့်ခွာခဲ့တယ်လို့ သူက အတည်ပြု ပြောဆိုပါတယ်။ အကူအညီတွေ ဝင်လာနိုင်အောင် ကူညီ ကြီးကြပ်ပေးဖို့လို့လည်း ဆိုပါတယ်။

အဲဒီတံတားက ကင်းစခန်းမှာ အစောင့်သုံးယောက် ထွက်ပြေးသလို နိုင်ငံအနောက်တောင်ပိုင်းက ပေါ်လာ ဆန်တန်းဒါး တံတားကလည်း အစောင့်တယောက် ထွက်သွားပါတယ်။

Please upgrade your browser to view this content.

စနေနေ့ အစောပိုင်းမှာတော့ ဘရာဇီး နယ်စပ်နားမှာ လူနှစ်ယောက်ကို ဗင်နီဇွဲလားတပ်က ပစ်သတ်ခဲ့ပါတယ်။

မစ္စတာ ဂွိုင်ဒိုဟာ အတိုက်အခံကြီးစိုးတဲ့ ဗင်နီဇွဲလား လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ပြီး သူ့ကိုယ်သူ ကြားဖြတ် ခေါင်းဆောင် အဖြစ် အရင်လကပဲ ကြေညာခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ဗင်နီဇွဲလားရဲ့ ယိုယွင်းနေတဲ့ ကျန်းမာရေး စနစ်

အဲဒီနောက် အမေရိကန် အပါအဝင် နိုင်ငံတချို့က သူ့ကို ထောက်ခံကြပါတယ်။ သူက သမ္မတ မဒူးရိုး ၂ဝ၁၈ မှာ ပြန်အရွေးခံရာမှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး မဒူးရိုးကို အခြေခံ ဥပဒေနဲ့ မညီတဲ့ သမ္မတလို့ စွပ်စွဲခဲ့ပါတယ်။

ဗင်နီဇွဲလားမှာ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်း ဆိုက်နေပြီး ငွေကြေးဖောင်းပွမှုနှုန်းကြောင့် စျေးတွေ မတရား ခုန်တက်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံသား အများအပြား စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ဆပ်ပြာ၊ အိမ်သာသုံး ပစ္စည်းက အစ ဝယ်ဖို့ အခက်အခဲ တွေ့နေကြပါတယ်။

Venezuelans clash with national guards

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

၂ဝ၁၅ ခုနှစ်နောက်ပိုင်း ဗင်နီဇွဲလားက လူ သုံးသန်းလောက် ထွက်ပြေးခဲ့ပါတယ်။

အခြေခံ လူသုံးပစ္စည်းတွေ ပြတ်တောက်နေလို့ လူထောင်နဲ့ချီ သေဆုံးနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ ဂွိုင်ဒိုက သတိပေး ထားပါတယ်။

ဗီဒီယို ပုံစာ, ဗင်နီဇွဲလား နိုင်ငံရေး အကျပ်အတည်း