မြန်မာ့တပ်မတော်ရေငုပ်သင်္ဘော ပိုင်ဆိုင်တော့မှာလား၊ သုံးမကုန်တဲ့ဘတ်ဂျက်တွေ ပြန်အပ်အပါအဝင် မနက်ခင်းသတင်းများ

ရေငုပ်သင်္ဘောကို ဝယ်ယူရရှိမှုသို့မဟုတ် ဆောက်လုပ်သူအဖြစ်ဆောင်ရွက်နိုင်မှု နှစ်ခုလုံးကို စဉ်းစား ထားပြီး

ဓာတ်ပုံ ရင်းမြစ်, Senior General Min Aung Hlaing

ဓာတ်ပုံ ပုံစာ,

ရေငုပ်သင်္ဘောကို ဝယ်ယူရရှိမှုသို့မဟုတ် ဆောက်လုပ်သူအဖြစ်ဆောင်ရွက်နိုင်မှု နှစ်ခုလုံးကို စဉ်းစား ထားပြီး

ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အဖွဲ့ဝင်တွေက စိန့်ပီတာစဘတ်မြို့ ရုရှားရေတပ်စခန်းရဲ့ အက်မာတိုင်စကီဗာဖီ သင်္ဘောကျင်းမှာ ရေငုပ်သင်္ဘောထုတ်လုပ်နေမှု အခြေအနေ တွေနဲ့ရေငုပ်သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းတဲ့ အခြေအနေတွေကို ဧပြီလ ၂၆ ရက်နေ့က ကြည့်ရှု့ခဲ့ကြပါတယ်။

ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်တွေက ညနေပိုင်း မှာ Joint Stock Company (JSC) "STC" စက်ရုံက မောင်းသူမဲ့ကင်းထောက်လေယာဉ်များ တပ်ဆင်ထုတ်လုပ် နေမှု အခြေအနေကို လည်းလိုက်လံကြည့်ရှု့ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

"မကြာမီတော့ ရေငုပ်သင်္ဘောတွေကို မြင်ရတော့မှာပါ၊ သူက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုလည်းဖြစ်တယ်၊ စစ်ဆင်ရေးနယ်မြေက ရေအောက်ထဲမှာ၊ ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်ဖို့အတွက်ကိုလည်း ရေတိုရေရှည်စဉ်းစားထားတာ ရှိတယ်။ ရေငုပ်သင်္ဘောမှာ တာဝန်ထမ်း ဆောင်မယ့် စစ်သည်အရာရှိတွေ လေ့ကျင့်နေတာ အနည်းဆုံး ၄ နှစ်လောက်ရှိပြီ" လို့ စစ်ဦးစီးအရာရှိချုပ် (ရေ)ဗိုလ်ချုပ် မိုးအောင်က မတ်လ ၁၈ ရက်နေ့က ပြုလုပ်တဲ့ စစ်ရေယာဉ်တပ်ပေါင်းစုပင်လယ်ပြင်စစ်ဆင်ရေး လေ့ကျင့်ခန်းပြုလုပ်စဉ် သတင်းမီဒီယာတွေကို ဖြေကြားခဲ့ဖူးပါတယ်။

၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းကလည်း အလားတူ အိန္ဒိယနိုင်ငံ၊ ဂိုအာဆိပ်ကမ်းက အိန္ဒိယ ရေတပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းအပြင် ရေငုပ်သင်္ဘောတပ်ဖွဲ့ကိုလည်း သွားရောက်လေ့လာ ခဲ့ပါသေးတယ်။

အဲဒီခရီးစဉ်ပြီးနောက်ပိုင်း လာမယ့် ၄ နှစ်ကျော် ၅ နှစ်အတွင်း ရေငုပ် သင်္ဘောပိုင်ဆိုင်အောင် လုပ်နေတယ် လို့လည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၅ ခုနှစ် စက်တင်ဘာတုန်းက ပြောခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဧပြီလ ၂၃ရက်ကနေ ၂၅ရက်အထိ ရုရှားနိုင်ငံမှာကျင်းပတဲ့ (၈)ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေး ဆိုင်ရာညီလာခံကိုတက်ရောက်ခဲ့အပြီး မြန်မာနိုင်ငံကို ပြန်လည်မထွက်ခွာမီ ဧပြီလ ၂၆ ရက်နေမှာ ရေငုပ်သင်္ဘောဆောက်လုပ်ခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်း အခြေအနေကို သွားရောက်ကြည့်ရှု့လေ့လာခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဧပြီလ ၂၆ရက်နေမှာ ရေငုပ်သင်္ဘောဆောက်လုပ်ခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်း အခြေအနေကို သွားရောက်ကြည့်ရှု့လေ့လာခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Senior General Min Aung Hlaing

ဓာတ်ပုံ ပုံစာ,

ဧပြီလ ၂၆ရက်နေမှာ ရေငုပ်သင်္ဘောဆောက်လုပ်ခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်း အခြေအနေကို သွားရောက်ကြည့်ရှု့လေ့လာခဲ့

ရေငုပ်သင်္ဘောကို ဝယ်ယူရရှိမှု သို့မဟုတ် ဆောက်လုပ်သူအဖြစ်ဆောင်ရွက်နိုင်မှု နှစ်ခုလုံးကို စဉ်းစား ထားပြီး လက်ရှိတပ်မတော်ရေမှာရှိတဲ့ စစ်ရေယာဉ်တွေကို ကိုယ်တိုင်ဆောက်လုပ်နေတဲ့ အဆင့်အထိ ရောက်ရှိနေပြီလို့ ဗိုလ်ချုပ် မိုးအောင်ကလည်း ဆိုထားပါတယ်။

ရေငုပ်သင်္ဘောတွေမှာ နျူကလီးယားစွမ်းအင်သုံးနဲ့ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေအများဆုံးဖြစ်
ဓာတ်ပုံ ပုံစာ,

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေအများဆုံးဖြစ်

မြန်မာပြည်မြောက်ပိုင်းက IDP တွေအတွက် တရုတ်က အမေရိကန်ဒေါ်လာ ၁၄၈ သန်းကူညီ

မြန်မာပြည်မြောက်ပိုင်းက စစ်ဘေးကြောင့်နေရပ်စွန့်ခွာထွက်ပြေးရသူများအရေး လူသားချင်းစာနာမှု အကူအညီပေးအပ်ရန်အပြင် အခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၁၄၈ သန်း (ယွမ်သန်း ၁,၀၀၀) ကိုကူညီရန် ဆွေးနွေးနိုင်ခဲ့ တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၂၉ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။

အဲဒီထောက်ပံ့ငွေက မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူများလူနေမှုဘဝမြှင့်တင်နိုင်ရေး အတွက် တရုတ်အစိုးရက ထောက်ပံ့ငွေ ယွမ်သန်း ၁,၀၀၀ ထောက်ပံ့တဲ့ သဘောတူစာချုပ် ခေါင်းစဉ် အောက်မှာ ရရှိခြင်းဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ ဒီဂျစ်တယ် ပိုးလမ်းမ အပါအဝင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် စီးပွားနဲ့ ကုန်သွယ်ပူးပေါင်းဆောင်ရွက်ရေး စတဲ့သဘောတူစာချုပ် ၃ ခုကို မြန်မာအစိုးရ နဲ့ တရုတ်အစိုးရကြားချုပ်ဆိုခဲ့ပါတယ်။

အဲဒီစာချုပ်တွက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဧပြီလ ၂၄ ရက်ကနေ ၂၉ ရက်အထိ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနဲ့ ပိုးလမ်းမ ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကိုတက်ရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း သဘောတူလက်မှတ်ရေးထိုး ခဲ့တာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်အရ မြန်မာပြည်မြောက်ပိုင်းက စစ်ဘေးရှောင်နေရပ်စွန့်ခွာထွက်ပြေးရသူတွေအတွက် လူနေမှုဘဝမြှင့်တင်ရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများနဲ့ စီမံကိန်းများဖြစ်နိုင်ခြေ လေ့လာရေးကိစ္စရပ်များအတွက်ပါ အဲဒီ ငွေကြေးကို သုံးစွဲမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေအများဆုံးဖြစ်

ဓာတ်ပုံ ရင်းမြစ်, EUROPEAN PHOTOPRESS AGENCY

ဓာတ်ပုံ ပုံစာ,

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေအများဆုံးဖြစ်

ဒါ့အပြင် မြန်မာနိုင်ငံက ဆန်တန်ချိန်တစ်သိန်း တရုတ်နိုင်ငံကို တင်ပို့နေတဲ့ခွဲတမ်းကို ဆက်လက်ထားရှိပေးဖို့နဲ့ မြန်မာ့လယ်ယာထွက်ကုန်တွေ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းထွက်ကုန်တွေ ပိုမိုတင်ပို့နိုင်ဖို့ ကိုလည်း ဆွေးနွေး နိုင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပညာရေး၊ လျှပ်စစ်နဲ့ စွမ်းအင်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့အပါအဝင် ဝန်ကြီးဌာန ၇ခုက သုံးမကုန်တဲ့ ငွေကျပ်ဘီလီယံ ၉၀၀ ကျော်ကိုပြန်အပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SHWEINNTHARKHINMGWIN

ဓာတ်ပုံ ပုံစာ,

ပညာရေး၊ လျှပ်စစ်နဲ့ စွမ်းအင်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့အပါအဝင် ဝန်ကြီးဌာန ၇ခုက သုံးမကုန်တဲ့ ငွေကျပ်ဘီလီယံ ၉၀၀ ကျော်ကိုပြန်အပ်ခဲ့ပါတယ်။

ပညာရေးနဲ့ လျှပ်စစ်အပါအဝင် ဝန်ကြီးဌာန ၇ ခု၊ ကျပ်ဘီလီယံ ၉၀၀ ကျော် မသုံးနိုင်လို့ ပြန်အပ်

ပြီးခဲ့တဲ့ ရေတိုဘတ်ဂျက်နှစ်ဖြစ်တဲ့ ၂၀၁၈ခုနှစ် ဧပြီလကနေ စက်တင်ဘာလအတွင်း ပညာရေး၊ လျှပ်စစ်နဲ့ စွမ်းအင်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့အပါအဝင် ဝန်ကြီးဌာန ၇ ခုက သုံးမကုန်တဲ့ ငွေကျပ်ဘီလီယံ ၉၀၀ ကျော်ကိုပြန်အပ်ခဲ့ပါတယ်။

အဲဒီစာရင်းက မတ်လ ၂၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆လ ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာအစီရင်ခံစာနဲ့ စပ်လျဉ်းတဲ့ လေ့လာ တွေ့ရှိချက်အစီရင်ခံစာ အမှတ်စဉ် (၆/၂၀၁၉)မှာ ပါရှိပါတယ်။

အဲဒီခြောက်လ ဘတ်ဂျက်နှစ်အတွင်းမှာ ဝန်ကြီးဌာန ၇ ခုက ကုန်အောင်မသုံးစွဲနိုင်တဲ့ ဘတ်ဂျတ်စုစုပေါင်း ကျပ်ဘီလီယံ ၉၄၁.၈၉၁ အထိရှိပါတယ်။

အဲဒီထဲကမှ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက အများဆုံးအဖြစ် ၅၂၇ ဘီလီယံကျော်၊ ဒုတိယအများဆုံးအဖြစ် လျှပ်စစ်နဲ့စွမ်းအင်က ၁၂၁ ဘီလီယံ၊ ဆောက်လုပ်ရေးက ၉၄ ဘီလီယံကျော်၊ ပို့ဆောင် ဆက်သွယ်ရေးက ၇၃ ဘီလီယံကျော်၊ ကျန်းမာရေး နဲ့ အားကစားက ၅၀ ဘီလီယံကျော်နဲ့ အခြားဌာနတို့က အသီးသီး ပါဝင်ပါတယ်။

အသံဖိုင် ပုံစာ,

တိုက်ခိုက်မှုတွေကြားထဲက ပညာရေး ဝန်ထမ်းတွေရဲ့ အခြေအနေ

အခုလိုခွင့်ပြုချထားပေးတဲ့ ဘတ်ဂျတ်တွေကို ကုန်အောင်မသုံးနိုင်ပေမယ့်လည်း လျှပ်စစ်နဲ့စွမ်းအင်ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ဧပြီလ ၂၉ ရက် (မနေ့က) ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ နှစ်စဉ်တင်ပြတောင်းခံတဲ့ ဘတ်ဂျတ်ပမာဏအားလုံးကို ခွင့်ပြု ပေးဖို့ လိုအပ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ်ခြင်းဟာ အခုရေတွင်းတူး၊ အခုရေကြည် သောက်လို့မရတဲ့ကိစ္စဖြစ်တယ်လို့ လည်း သူက လွှတ်တော်မှာ ဆိုသွားခဲ့ပါတယ်။

ဒါကလည်း လတ်တလော ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့အပြား လျှပ်စစ်မီးများပြတ်တောက်နေခြင်း ကြောင့် နွေရာသီကာလဖြစ်တဲ့ မတ်၊ ဧပြီ နဲ့ မေလတို့အတွင်း လျှပ်စစ်ဓာတ် အားသုံးစွဲမှုအပေါ် ဝန်ကြီးဌာနက ခန့်မှန်းတွက်ချက်ထားမှုနဲ့ လျှပ်စစ်ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်ထားမှုအခြေအနေကို ကျောက်တံတား မြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀၀ ကျော်အတွင်း မိမိသဘောအလျောက် ထီးနန်းစွန့်တဲ့ ပထမဆုံးဂျပန်ဧကရာဇ်ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

နှစ်ပေါင်း ၂၀၀ ကျော်အတွင်း မိမိသဘောအလျောက် ထီးနန်းစွန့်တဲ့ ပထမဆုံးဂျပန်ဧကရာဇ်ဖြစ်လာပါတယ်။

ဂျပန်ဧကရာဇ် အာကီဟီတိုမကြာခင်နာရီပိုင်းမှာ နန်းစွန့်ပါတော့မယ်

ဂျပန်နိုင်ငံမှာတော့ ဧကရာဇ် အာကီဟီတိုဟာ ဒီကနေ့မှာ ထီးနန်းစွန့်ဖို့ရှိနေလို့ သူဟာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း မိမိ သဘော ဆန္ဒနဲ့ ထီးနန်းစွန့်တဲ့ ပထမဆုံးဂျပန်ဧကရာဇ်ဖြစ်လာပါတယ်။

သက်တော်ကြီးရင့်ပြီး ယိုယွင်းလာနေတဲ့ကျန်းမာရေးကြောင့် တော်ဝင် တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့ မစွမ်းသာ တော့ဘူးလို့ပြောအပြီး အသက် ၈၅ နှစ်အရွယ် ဧကရာဇ် နန်းစွန့်ရေးကိစ္စ ထွက်ပေါ်လာတာပါ။

ဒါ့ကြောင့် ဧကရာဇ် အာကီဟီတိုရဲ့ နန်းစံသက် နှစ် ၃၀ ဟာ မကြာခင်နာရီပိုင်းမှာ အဆုံးသတ်ပါတော့မယ်။ တရားဝင် ထီးနန့်စွန့်တဲ့အခမ်းအနားကိုတော့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်ဖို့ရှိပြီး ဂျပန့်တော်ဝင်မိသားစုဝင်တွေ၊ နန်းသူ နန်းသားတွေနဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ဖို့ရှိပါတယ်။

မနက်ဖြန်မှာတော့ လက်ရှိ အိမ်ရှေ့စံမင်းသား နာရူဟီတို ထီးနန်းတက်မှာပါ။ ဂျပန်နိုင်ငံမှာ တော့ ဧကရာဇ်ဟာ နိုင်ငံ့ရေးသြဇာအာဏာကို မရရှိပေမယ့် နိုင်ငံ့ပြယုဂ်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။