ရသေ့တောင်နဲ့ မင်းပြားမှာ တိုက်ပွဲတွေကြောင့် ကျောင်း ၁၃ ကျောင်းပိတ်ထားရ

မြို့နယ် ၂ခုထဲမှာ ကျောင်းပေါင်း ၁၃ကျောင်း ပိတ်ထားရ

ဓာတ်ပုံ ရင်းမြစ်, REC

ဓာတ်ပုံ ပုံစာ,

မြို့နယ် ၂ခုထဲမှာ ကျောင်းပေါင်း ၁၃ကျောင်း ပိတ်ထားရ

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရသေ့တောင်နဲ့ မင်းပြားမြို့နယ်အတွင်းမှာ ကျောင်းပေါင်း ၁၃ ကျောင်းကို ယာယီပိတ်ထားရတယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးကနေသိရပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ ကျောင်းပေါင်း (၂၁) ကျောင်းကို ပိတ်ထားခဲ့ရာကနေ (၁၆) ကျောင်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး လုံးဝမဖွင့်နိုင်သေးတာ (၅) ကျောင်းကျန်နေသေးတာဖြစ်ပါတယ်။

မင်းပြားမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် (၈) ကျောင်းကို ပိတ်ထားရတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။

မြို့နယ်ပေါင်း ၇ ခုမှာ စစ်ဘေးရှောင်စခန်းစုစုပေါင်း ၁၀၅ ခု ရှိနေ

ဓာတ်ပုံ ရင်းမြစ်, REC

ဓာတ်ပုံ ပုံစာ,

မြို့နယ်ပေါင်း ၇ ခုမှာ စစ်ဘေးရှောင်စခန်းစုစုပေါင်း ၁၀၅ ခု ရှိနေ

'' ကျောင်းသားတွေက မိသားစုတွေနဲ့အတူ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတော့ ကျောင်းမတက် နိုင်တဲ့ဦးရေကို စာရင်းကောက် တဲ့နေရာမှာ အခက်အခဲရှိနေတယ်။ ဒါကြောင့် ပညာမသင်ကြားနိုင်တဲ့ ကျောင်းသားဦးရေ ဘယ်လောက်ရှိနေတယ်ဆိုတာကို တိတိကျကျပြောဖို့တော့ခက်နေတယ်'' လို့ ရခိုင် ပြည်နယ် မြို့နယ်ပညာရေးမှူးရုံးမှာ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှကပြောပါတယ်။

လက်ရှိမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ကျေးရွာပေါင်း ရာနဲ့ချီရှိနေပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ကလေးငယ်တွေကိုတော့ နီးစပ်ရာကျောင်းတွေနဲ့ စခန်းတွင်းက ယာယီစာသင်ဆောင်တွေမှာ ပညာသင်ကြားပေးနေတာ ဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြီးခဲ့တဲ့ ဇူလိုင်လအထိ ကောက်ယူထားတဲ့ အချက် အလက်တွေအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည် အရေအတွက် ဟာ ၅သောင်းကျော်အထိရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်စခန်းတွေအနေနဲ့ ရသေ့တောင်မြို့နယ်မှာ ၃၆ ခု၊ မြောက်ဦးမှာ ၃၁ ခု၊ ဘူးသီးတောင်မှာ ၁၂ ခု အပါအဝင် မြို့နယ်ပေါင်း ၇ ခုမှာ စစ်ဘေးရှောင်စခန်းစုစုပေါင်း ၁၀၅ ခု ရှိနေပါတယ်။